လစ်တဲအိုပါးဘလော့သို့လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ...

//////////////

Home Photo Book Software နည်းပညာ

Saturday 15 September 2012

Format Factoryနှင့်ringtone ဖန်တီးခြင်း

Format Factoryနှင့်ringtone ဖန်တီးခြင်း
ယနေ့အင်တာနက်အသုံးပြုသုံးစွဲသူများသည် မိမိ အလိုရှိသည်များကို အင်တာနက် စာမျက်နှာ များတွင် ရှာလိုက်သည်နှင့် မိမိ အလိုရှိသည်များကို ရှာတွေ့နိုင်ပါသည်။ ထို့ကြောင့် အချို့သူများသည် ringtone များကို အင်တာနက်စာမျက်နှာတွင်ရှာဖွေပြီး အသုံးပြုလေ့ရှိကြပြီး၊ အချို့သူများအတွက်ကတော့ မိမိနှစ်သက်သောသီချင်းအပိုဒ်လေးကိုသာ သီးသန့် ringtone ဖန်တီးချင် သူများအတွက် Format Factory software ကိုအသုံးပြုပြီး ringtone ဖန်တီးခြင်း ကိုရေးသားလိုက်ရပါသည်။
Format Factory software ကတော့ ကွန်ပျူတာ အများစုတွင် ရှိနေပြီးသား ဖြစ်မှာပါ။ သူဟာ ပေါ့ပါးပြီး format အမျိုးအစုံကို အလွယ်တကူပြောင်းလဲနိုင်တာကြောင့် သူ့ကို လူသိများပါတယ်။Format Factory software စက်ထဲမှာ မရှိသေးဘူးဆိုရင်တော့ သူ့ကို http://www.pcfreetime.com/ ဒေါင်းနိုင်ပါတယ်။ သူကို download လုပ်ပြီး စက်ထဲမှာ install လုပ်လိုက်ပါ။

ပထမဦးစွာ ကျွန်တော်တို့စက်ထဲမှာ ရှိတဲ့ mp3 ဖိုင်လေးကို right click နှိပ်ပြီးဖွင့်လိုက်ပါ။

Format Factory ထဲကို mp3 ဖိုင်လေး ရောက်ရှိသွားပါပြီ။ ပြီးလျှင် ၄င်းဖိုင်ပေါ်သို့ right click ပြီး Set Range ကိုရွှေးပါ။

ပုံတွင်ပြထားသည့်အတိုင်းပါပဲ မိမိနှစ်သက်သည့် စာသားရောက်လျှင် Start Time ကိုနှိပ်ကာ စာသားဆုံးလျှင် End Time ကိုနှိပ်ပါ။ ထို့နောက် OK နှိပ်ပါ။ Format Factory main page ပြန်ရောက်သွားပါလိမ့်မယ်။

တဖန် Menu တွင်ရှိသော Start ကိုနှိပ်ပါ။ Loading 100% ပြည့်သွားလျှင် သင်နှစ်သက်သော တီးလုံး (သို့) သီချင်းစာသားကို ရရှိမှာပဲဖြစ်ပါတယ်။ Output ဖိုင်ထဲတွင် မိမိ ဖန်တီးထားသော ringtone ကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။
မိုးလုံးပြည့်လျှံ ရဲ့ပို့စ်လေးပါ။။။။။။။။။။။

Virus Scan ဖတ်နိုင်သောလင့်များ


Virus ကိုကြောက်တတ်တဲ့သူငယ်ချင်းများအတွက်
လင့်တွေကို Scan ဖတ်ပေးတဲ့ ဆိုဒ်တွေပါ။
Download လင့်တွေ့တိုင်း ဒေါင်းချင်တဲ့သူငယ်ချင်းများ
လင့်ကို အရင်စစ်ပြီးမှ ဒေါင်းကြပါလို့ ပြောချင်ပါတယ်..။
https://www.virustotal.com/
http://vms.drweb.com/online
http://www.viruschief.com/
http://www.pandasecurity.com/activescan/index/
http://usa.kaspersky.com/downloads/free-anti-virus-scan
http://onlinelinkscan.com/
အားလုံးအဆင်ပြေကြပါစေ

animation လုပ်နည်း(ဓာတ်ပုံ)

ကျွန်တော်လုပ်မည့် နည်းလမ်းကတော့ ပိုတိုရှော့ဘာသာရပ်ကို  ကျွမ်းကျွမ်းကျင်ကျင်
ရှိဖို့မလိုအပ်ပေမယ့်   အခြေခံသဘောလောက်ကတော့သိမှ ဖြစ်မှာ ....

အခု အားလုံးတွေ့ဘူး ကြမှာ ဓာတ်ပုံလေးတွေ  ဓာတ်ပုံကြည့်ဆော့ဝဲ အေစီဒီဆီး နှင့်
ဖွင့်လိုက်ရင် တစ်မျိုးပြီ တစ်မျိုး ပြောင်းနေတာလေ မာတီဆိုဒ်ထဲ မှာ အလှဆင် ထားတဲ့
လူတွေ အများကြီးဘဲ ....

အဲ့ဒီလို ပြောင်း နေတဲ့အထဲက  gif ဖိုင် antmation လုပ်နည်းလေးပါ

(၁) ပိုတိုရှော့ ထဲမှ စာရွက်ဆိုဒ် သင့်လျောတဲ့ဆိုဒ် ကို တောင်းပါ စာရွက် မကြီးပါစေနဲ့..
      (ဥပမာ - အလျား- 4 လက်မ ၊  အနံ- ၃ လက်မ ၊ ရီဆောလူးရှင်း -၇၂ )ထားပါ
      မှတ်ချက် -ရီဆော်လူးရှင်း များလျင် ပုံဆိုဒ် မီဂါဘိုက်များပါသည်။ မီဂါဘိုက်များလျှင်
                    ကျွန်တော်တို့လို ကွန်မကောင်း သော ရွာမှ ရွာသားများအတွက် အင်တာ
                    နက်ပေါ်တင်လျှင် အဆင်မပြေပါ
(၂) မိမိ ထည့်လိုသော ပုံများကို မိမိတောင်းထားသော စာရွက်ဆိုဒ် အရွယ်အတိုင်း
      အလျား၊ အနံ၊ ရီဆော်လူးရှင်းပါ  အတူတူဖြစ်သွားအောင် လုပ်ပါ ...
      (ထိုသို့လုပ်ရာတွင် cross key တွင် မိမိ လိုအပ်သော အလျား၊ အနံ၊ ရီဆော်လူးရှင်း
        ကို  ရိုက်ထည့်ပြီး ဓာတ်ပုံတွေကို ဖြတ်လိုက်ပါ  လွယ်ပါတယ်)
(၃) မိမိအလှည့်ကျပေါ်လိုသော ဓာတ်ပုံ တစ်ပုံချင်းစီကို  copy (ctrl + c) ယူပြီး     
      မိမိတောင်းထားသော စာရွက်တွင် မိမိအလှည်ကျပေါ်လိုသော အစီအစဉ်(layer )      
      အတိုင်း paste (ctrl+v)ပေး လိုက်ပါ... layer များ နှင့် ပုံတစ်ခုရလာပါမည်။
(၄) tol box ၏အောက်ဆုံးတွင်ရှိသော eidt in image ready ကိုကလစ်လိုက်ပါ
     image ready သို့ ပြောင်းသွားပါမည်
    (ပိုတိုရှော့ Cs 3  တင်ထားသူများ image ready မပါပါ)
 (၅)  menu bar  မှ  window > animation   ကို ကလစ်လိုက်ပါ။
       animation  အတွက် ချိန်ညှိ ရမည့်  animation စာမျက်နှာတစ်ခုကျလာပါမည်။
       menu bar  မှ  window > layer ကို ကလစ်လိုက်ပါ။
       မိမိ ပေါ်လိုသောရုပ်ကို ချိန်ညှိရန်  layer စာမျက်နှာလေးကျလာပါမည်။
(၆)  animation စာမျက်နှာတွင်  မိမိ ပထမဆုံး ပေါ်လိုသော ပုံကို
       layer စာမျက်နှာမှ  မျက်လုံး ပုံလေးကို ကလစ်ပြီး လိုအပ်သလို ချိန်ညှိပါ
      ပြီးလျှင်  animation စာမျက်နှာ ပထမ (1)ပုံမှ  o sec နေရာတွင် မိမိပေါ်လိုသောပုံ၏
      ကြာချိန်ကိုရွေးပါ  (ဥပမာ - .2 sec ကိုထားလိုက်)
(၇)  animation စာမျက်နှာတွင် ဒုတိယ ပေါ်လိုသော ပုံကို ဖန်တီးရန်အတွက်
       animation စာမျကနှာ  အောက်တွင်ပါသော
       စာရွက်လှန်နေသောအိုင်ကွန် (duplicates current frame) ကို ကလစ်လိုက်ပါ
       စာမျက် နှာ အသစ်တစ်ခု (2)ဆိုပြီး animation စာမျက်နှာတွင် ပေါ်လာပါမည်။
       ထိုအခါ ပထမနည်းအတိုင်း မိမိ  ဒုတိယ ပေါ်လိုသော ပုံကို
      layer စာမျက်နှာမှ  မျက်လုံး ပုံလေးကို ကလစ်ပြီး လိုအပ်သလို ချိန်ညှိပါ
      ပြီးလျှင်  animation စာမျက်နှာ ပထမ (1)ပုံမှ  o sec နေရာတွင် မိမိပေါ်လိုသောပုံ၏
      ကြာချိန်ကိုရွေးပါ
      မှတ်ချက် -ပထမပုံကြာချိန်အတိုင်းထားပါက နောက်ထပ်ရွေးစရာမလိုတော့ပါ
(၈) အမှတ်စဉ် (၇)ပါနည်းအတိုင်း နောက်ထပ် ပေါ်လိုသော ပုံများကို လိုသလောက်
      ဖန်တီးယူုပါ။
(၉)  အားလုံပြီးပါက animation စာမျက်နှာ အောကမှ play အိုင်ကွန်ကိုနှိပ်ပြီး       
       animation ကို စစ်ဆေးနိုင်ပါသည်။
(၁၀) gif ဖိုင်အဖြစ်သိမ်း ရန် အတွက်
        menu bar  မှ  file > Save optimized As ကို ကလစ်ပြီး  gif ဖိုင်အဖြစ်သိမ်းနိုင်
        ပါသည်။
(၁၁) အင်တာနက်တွင်အသုံးများသည့် flash ဖိုင် (SWF  ဖိုင်) အဖြစ် သိမ်းလိုပါက
        Menu bar မှ File > Export > macaromedia flash ကို ကလစ်ပြီး
        သိမ်းနိုင်ပါသည်။
 အဆင်ပြေနိုင်ကြပါစေ ...

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။

ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက် ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။PC ကနေသွားမယ် ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။

အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။
ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံ ပြီးရေးပါသည်။

ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိ လိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။

 
 

Wednesday 12 September 2012

ကွန်ပြူတာကိုစကားပြောပြီးအလုပ်ခိုင်းမယ်

-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
တစ်ခုတော့ ရှိတယ်ဗျ။သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။
မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်

ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ်
ကျနော် ကလိနေတဲ့ အတွေ့အကြုံ လေးကို မသိသေးသူများ လည်း ကလိချင်ရင် ကလိလို့ ၇အောင်ပြန်လည်ဝေမျှ ပေးခြင်း
သာဖြစ်ပါသည်။ကျနော့် လို လူပိန်းများ နားလည်အောင်လဲဓါတ်ပုံစခရင် ဖမ်းပြီး ကြိုးစားေ၇းသားထားပါတယ်။
ကဲ စလိုက်ရအောင်
လိုအပ်ချက်များ
-windows 7 x32 (or) x64 တင်ထားသော ကွန်ပြူတာ(XP မှာလဲ ပါတယ်လို့ ကြားတယ် ကျနော့မှာ XP မရှိတော့ မစမ်းကြည့်ရသေးပါ)
-မိုက် ပါသော နားကြပ်
-ရေ တစ်ခွက်(ပြောနေရင်းနဲ့ အာခြောက်လာရင် သောက်လို့ရအောင်လေ)
**အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို မတောက်တခေါက်တက်သော လူတစ်ယောက်(ကျွမ်းကျင်တဲ့သူဆိုရင်တော့ နောနော် ပေါ့ဗျာ)
ကွန်ပြူတာကို ဖွင့်ပါ ။နားကြပ်နဲ့ မိုက်ကို တပ်လိုက်ပါ
(အောက်ပါရှင်းပြချက်များသည် windows 7 Ultimate sp1 x 64bit ကို အခြေခံပြီး ရေးသားထားပါသည်)
-------အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel
ထဲဝင်လိုက်ပါ။


ပြီးရင် Ease of Access ထဲကို ၀င်ပါ။(စက်တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး တွေ့အောင် ရှာကြပါ)



Speech Recognition ထဲထပ်ဝင်ပါ။(တစ်ချို့စက်တွေမှာ Ease of Access မရှိပဲ Speech Recognition ကို
တိုက်ရိုက်ရှာပေးရမှာဖြစ်ပါတယ်)



အဲဒါကို ၀င်လိုက်ရင် ဒီလိုမျိုးလေးတွေ့မှာပါ အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။



အောက်ကပုံအတိုင်းပေါ်လာမှာပါ



ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next့ အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့......မိတ်ဆွေ။။။။
သူငယ်ချင်းတို့ ကို စိတ်ရှည်ပါ လို့ ပြောချင်ပါတယ်
ကျနော် ၂ရက် လေ့ကျင့်တော့ သီချင်းဖွင့်လို့ရလာတယ်
နောက် ၃လလောက်လေကျင့်လိုက်တော့ ချက်စ်ကစားလို့ ရလာပါတယ်
နဲနဲထပ်ကြာလာတော့ အင်တာနက်သုံးလို့ ရလာပါတယ်
အခု Photoshop နဲ့ ဓါတ်ပုံပြင်ကြည့်မလို့ စမ်းနေပါကြောင်း(ကြွားတာ။ ဘာရယ်မဟုတ်ဘူး လူရှိန်တာပေါ့)
အဲ Note pad နဲ့ စာရိုက်တာကတော့ အခုထိ မရသေးပါ ။ကျနော့ အင်္ဂလိပ်စကားပြောညံ့လို့ ပြောချင်တာတခြား ပေါ်လာတာတခြား
ဖြစ်နေတာပါ :D
ပိာပိာ

အင်္ဂလိပ်စကားပြောခိုင်းမယ်

အင်္ဂလိပ်စကားပြောမယ်
ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

gtalk skin အသစ်လေးများ

မိမိသုံးတဲ့သူများအတွက်ပါ G Talk Skin အလန်းလေးတွေထွက်လို့ တင်ပေးလိုက်ပါတယ်
သဘောကျတယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ
Blue
mCm talkGtalk Theme
ဒါကတော့မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ ဒီဆိုဒ်ကိုအခုဝင်တဲ့သူငယ်ချင်း ဒါမှမဟုတ် Gtalk ကို
အခုမှစသုံးမဲ့သူငယ်ချင်းများအတွက်ပါ gtalk အသစ်ဆက်ဆက်လေးပါ သဘောကျတယ်ဆိုရင်အောက်မှာဒေါင်း
ယူသွားလိုက်ပါ

Download
ဒီ Gtalk ထဲမှာလည်း Theme တွေအများကြီးပါတယ်နော် အောက်ကပုံလေးကိုကြည့်လိုက်ပါ လက်ညှိုးထိုးထား
တဲ့ လေးထောင့်အကွက်လေးကို နှိပ်လိုက်တာနဲ့ ဘောက်စ်လေးတခုထွက်လာပါလိမ့်မယ်


စိတ်ကြိုက် ပုံစံလေးတွေပြောင်းလို့ရပါပြီနော်
နောက်တခု Gtalk Skin Theme လေးတွေပါ
ဒီလိုပုံစံလေးတွေပေါ့
ဒီနေရာကို သွားကြည့်လိုက်ရအောင်

ဖုန်းအတွက် မြန်မာဖောင့်မရှိသေးသူများ အတွက်( အထူးနော် )

    ဖုန်းအတွက် မြန်မာဖောင့်မရှိသေးသူများ အတွက်( အထူးနော်  )  ရှိပြီးသားသူများလဲ ယူလို့ ရပါတယ်၂ခုသုံးလို့ ရတာပေါ့ ကျနော်ကတော့ ဖုန်းထဲမှာမြန်မာဖောင့် ၂ခုထည့် သုံးလိုက်တယ်   သူငယ်ချင်တွေကိုယ်ပြန်ရှယ်ပေးလိုက်တာ   လိုချင်သူများ ဒီနေရာကနေယူနိုင်ပါပြီ ကျနော်စမ်းသုံးပြီးမှတင်ပေးလိုက်တာပါ   (မှတ်ချက် )ဖုန်းအတွက်မြန်မာဖောင့် ဖြစ်တဲ့ အတွက် ဖောင့် ယူမယ့် ဖုန်းနဲ့ သာ  ရယူပါ   
ါ့  
play.google.com
Myanmar Syllable Prediction IME on Android Smartphone iTextMM This Keyboard is first Myanmar Syllable Prediction IME. This keyboard can predict the


စက်မှာ USB PORT ကို အသုံးပြုလို့ မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်
တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial
bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….

USB PORT ကို သုံးလို့ မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….
ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…

USB ရှေ့ပေါက် motherboard ပေါ်က ကြိုးကို ထိထိမိမိ သေချာတပ်ရဲ့လား/တခါတခါ ကြိုးလွတ်နေလိုdetected
မရတာဖြစ်နိုင်ပါတယ်..ဒါကြောင့် USB ကြိုးကိုသေချာစစ်ကြည့်လိုက်ပါ။

usb port ကို registry ကနေပိတ်ထားတာလဲဖြစ်နိုင်တယ်…

start>run>regedit>
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor ကို
ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး
ဖွင့်လိုက်ပါ။ Value Data dialog box ပေါ်လာပါလိမ့်မယ်။ Value တန်ဖိုးက
default ဆိုရင် (3) ပါ။ တန်ဖိုးကတစ်ခုခုဖြစ်နေတယ်ဆိုမူလတန်ဖိုး(3)ကို
ပြောင်းထားပေးလိုက်ပါ…

ကိုယ့်စက်မှာပဲဖြစ်ဖြစ် သူများစက်မှာပဲဖြစ်ဖြစ် usb အသုံးပြုတဲ့အခါတိုင်း virus စစ်ဖို့ လိုပါမယ် ..ဘာလို့လဲ ဆိုရင်အဲကနေပဲ အဝင်များ ဆုံးပါ။ ဒုတိယကကျွှန်တော်တို့ internet ကနေ software ဒေါင်းလိုက် တိုင်းမှာ vriusဆိုတာ ကဖိုင်လေးတွေနဲ့ကပ်ပါလာတက်ပါတယ်ဗျ။
stick ထဲမှာပြည့်နေရင်လည်းလက်မခံဘူး…မလိုအပ်တဲ့ ဖိုင်တွေကိုဖျက်ပြီးမှထည့်သင့်တယ်….Stick ကကောင်း ပါရက်နဲ့ usb port ကအလုပ်မလုပ်တာ usb port ကအလုပ်လုပ်ပါရက်နဲ့ stickကမကောင်း တာရင်တခြားသော ကွန်ပျူတာတွေမှစမ်းသပ်ကြည့်ပါ…
နောက်တစ်ခုက reinstall ဖြစ်နေတာပါ။အဲလိုဖြစ်ရင် install ပြန်လုပ်ပေးပါ။

တခါတခါဝင်းဒိုး driver တွေကြောင့်အလုပ်မလုပ်တာဖြစ်နိုင်ပါတယ်.. device manager ထဲက usbdriver detail
ကနေ ခေါ်ကြည့်ရင်သိပါတယ်…driver မတင်ရသေးရင် driver warning တောင်းပါတယ်..motherboard driver
ပြန် run ပေးလိုက်ပါ…(သို့ )usb driver ရှိရင် usb driver ပြန် run ပေးလိုက်ပါ…..

USB stick ကိုထိုးလို့ဘာမှကိုမပေါ်ဘူးဆိုရင်တော့ သူ့ ကို virus အရင်စစ်ကြည့်ရမယ်…virus အရင်ရှင်းထုတ်ပြီး
မှ ကိုယ်လိုချင်တဲ့ဒေတာ တွေကို fomat ချရမယ်…တခါတခါကျတော့ fomat ချတာ NTFS file နဲ့ ချ မှရတာမျိုးရှိ
သလို FAT file system နဲ့ ချမှရတဲ့ အခါလည်းရှိပါတယ်..

stick ကဘာနဲ့ format ချမှအဆင်ပြေမလဲလို့ ဆိုတော့NTFS file နဲ့အရင် စမ်းကြည့်ရမှာပဲ …သူနဲ ချလို့မှမရရင်
error message ထုတ်ပေးပါလိမ့်မယ်…အဲဒီအခါကျတော့ FAT file ပေးပြီး format ချကြည့်သင့်တယ်….

ဒီလိုလဲ တစ်နည်းရှိပါတယ်.

run>cmd>format/x E:
or
run>cmd>convert E: /fs:ntfs
E: နေရာမှာ drive name ပေါ့ဗျာ

Write Protect Error

1- Click Start->Run.

2-Type regedit and hit enter.

4-Click on the plus sign next to HKEY_LOCAL_MACHINE

5-Click on the plus sign next to SYSTEM

6-Click on the plus sign next to CurrentControlSet

7-Click on the plus sign next to Control ကိုသွားပါ ပြီးရင် ..
StorageDevicePolicies  ဆိုတာကိုရှာပါ..မရှိရင် Control ကို Select လုပ်ပြီး Right click>New>Key မှတစ်ဆင့် StorageDevicePolicies ဟု နာမည်ပေးလိုက်ပါ။မမှားပါစေနှင့်။


8-Click on the plus sign next to StorageDevicePolicies

StorageDevicePolicies  ကိုထောက်ပြီး Right Click>New>Dword Value ကိုနှိပ်လိုက်လျင်.ညာဘက်မှာ
New Value #1 ဆိုပြီးပေါ်လာလိမ့်မယ်..အဲဒီ New Value #1 ကိုဖျက်ပြီး WriteProtect  ဟုနာမည်ပေးလိုက်ပါ


9-Write click on WriteProtect and click modify.

ပြီးရင် အဲဒီ WriteProtect  ကို Double Click နှိပ်ပြီး  Value Data ကို 0 ဟုထားလိုက်ပါ။မှတ်ချက်။    ။Write Protect ဖြစ်ပြီး သုံးမရ ဖြစ်စေချင်ရင် 0 မဟုတ်ပဲ 1 ဟုထားပါ။အထက်ပါအတိုင်း ControlSet001 နှင့် ControlSet002  တို့ ကိုလဲ လိုက်ပြောင်း လိုက်ပါ..။


ပြီးပါက ကွန်ပျူတာကို Restart လုပ်လိုက်ပါ။


USB - stick က save လုပ်လို့လဲမရတော့ဘူးခင်ဗျာ နောက်ပြီး delete လုပ်လို့လဲမရတော့ဘူး နောက်ပြီး fomat လုပ်တော့လဲမရတော့ဘူးဗျာ the disc write protect ဆိုပြီး error ဘောက်လေးတတ်တတ်လာပါက


HKEY_LOCAL_MACHINE\SYSTEM\CurrrentControlSet\Control\StroageDevicePolicies
If there is a WriteProtect key (REG_DWORD) then
1 = Write Protect On
0 = Write Protect Off

ဒါကြောင့်..
 StroageDevicePolicies မှာ 0 ပဲထားပြီး Restart လုပ်ပါ..
 တခြား ကောင်းတဲ့ ကွန်ပျူတာမှာ သွားပတ်ပြီး ဖောမတ်ချလဲ ရပါတယ်..အလွယ်ဆုံးပဲ :P

www.thitsan-computer-training.blogspot.com/

iPhone 5 ထွက်တော့မည်

Tuesday 11 September 2012

မယ်သီတာအားဒသခိုးပြေးခြင်း

မယ်သီတာအားဒသဂီရိမှခိုးယူခြင်း
ဒသသည်မယ်သီတာအားနောက်ဆုံးအကြိမ်ဖြစ်ဖေဖော်ဝါရီလ (၃၁)နေ့တွင်ဆိုင်ကယ်နှင့်ခိုးပြေး ကြောင်းသိရသည်။